Thursday, November 22, 2007

တစ်ချက်ပြုံးခြင်းဖြင့် စိတ်သောက အမောပြေပါစေ..





ဆရာဝန်
အစ်ကိုများအတွက် အမှတ်တရ...

မင်းသားနဲ့အပြိုင်

ရန်ကုန်မှာ ရက်ကြာသောင်တင်နေမိတဲ့ လှတောသားကြီးဟာ ဆွေမျိုးတွေနဲ့ နာမည်ကြီးဇာတ်သဘင်တစ်ခုကို သွားကြည့်ခဲ့ပါတယ်။ နာမည်ကြီးမင်းသားဇာတ်ဆရာဟာ အ၀တ်လှန်ပြီး အပေါ့စွန့်ပုံမျိုး သရုပ်ဆောင်ပြတာကို လည်း လှတောသားကြီး မမေ့နိုင်အောင်ပါပဲ။
အပြန်လမ်းမှာ သူတို့စီးလာတဲ့ ဘတ်စကားက ကားသမားနှင့် ခရီးသည်တစ်ယောက် စကားများပါလေရော။ ဒရိုင်ဘာဘေးမှာ အမျိုးသမီးခရီးသည်သာ တင်နေကျဖြစ်သလို အမျိုးသားက တက်ထိုင်မယ်ဆိုတော့ "မရဘူး" လို့ငြင်းလိုက်တာက ပြသနာစတာပေါ့။
ဒရိုင်ဘာက မှန်တာပြောတော့ နာပြီး ရှက်ရမ်းရမ်းတဲ့ အနေနဲ့ ရုန့်ရင်းကြမ်းတမ်း ဆဲရာက....
လှတောသားက..ထိုအချင်းအရာကို ပြောလိုက်ပုံက.... "ရိုင်းစိုင်းယုတ်မာလိုက်လေ ကားသမားရယ်၊ ဇာတ်စင်ပေါ်က မင်းသားနဲ့ နင်လား ငါလား အပြိုင်ပါပဲလားကွယ်"